အင်းတော်ကြီးဘုရားဖူးယာဉ်များကို ကန့်သတ်ပေးရန် ကချင်ပြည်နယ်အစိုးရထံတောင်းဆို

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရမှုစတင်ရှိလာနေပြီဖြစ်သည့်အချိန်တွင် အင်းတော်ကြီး သို့ ဘုရားဖူးယာဉ်များလာရောက်မှုကို ကန့်သတ်ပေးရန်အတွက် အင်းတော်ကြီးဒေသခံတချို့က ကချင်ပြည်နယ် အစိုးရ ထံတောင်းဆိုခဲ့ကြသည်။ အဆိုပါတောင်းဆိုသည့်စာကို ယနေ့ မတ် ၂၇ ရက်နေ့လည်ပိုင်းက ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက်တင်ပြခဲ့သည်။ “ဒီအင်းတော်ကြီးအထင်ကရရွှေမဉ္ဇူဘုရားကိုလာလာပြီးအဲ့ဒီမှာစားမယ်သောက်မယ်သွားမယ်လာမယ်သူတို့နဲ့ကိုယ်တွယ်ထိတွေ့ဆက်ဆံတဲ့ဈေးရောင်းဈေး၀ယ်တွေဆိုင်တွေကနေပြီးမှဟိုအခုအင်းတော်ကြီးဒေသခံလူတွေကိုထပ်မံပြီးတော့ပြန့်ပွားမယ်ဆိုရင်ကျွန်တော်တို့ဒီဗိုင်းရပ်ပျံ့နှံ့မှုရဲ့အနေအထားကိုတွေးကြည့်ရုံနဲ့တင်ကျွန်တော်တို့က အရမ်းကြောက်ကြတာပေါ့” ဟု ဦးဆောင်တင်ပြသူ စန်းလင်း စိုးက ရှမ်းနီအသံကိုပြောကြားသည်။ အင်းတော်ကြီးဘုရားသို့ လာရောက်ဖူးမျှော်သူ ပျှမ်းမျှ နှစ်ရာကျော်ရှိကြောင်း … Read More

ဟုမ္မလင်းမြို့နယ် အထွေထွေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဝင်းနိုင်ထွန်းနှင့် မေးမြန်းခြင်း

မေး- Covid-19ရောဂါဖြစ်ပွားမှု နဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ရဲ့ နောက်လက်ရှိအခြေနေလေး ပြောပြပေးပါဦး။ ဖြေ- ဒီကနေ့ တရုတ်နိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ယောက် ကို ခုနလေးတင်ပဲ (ကွာလဒင်း) စောင့်ကြည့်သွားမှာပေါ့ ။ မနေ့ည (၈)နာရီလောက်မှာက အိန္ဒိယက ပြန်လာတဲ့ ဟုမ္မလင်းသားပေါ့ အဲ့ဒါတစ်ယောက်ရယ် နှစ်ယောက်တိုးတယ်။ အခုဆိုရင် တရုတ်နိုင်ငံကလာတဲ့ဟာက နောင်ပူအောင်မှာ တစ်ယောက် နောင်ပူအောင်မှာရှိတဲ့ facility quarantine … Read More

ဟုမ္မလင်းမြို့တွင် Covid-19 စောင့်ကြည့်လူနာ တရုတ်နိုင်ငံသား (၅) ရှိ

မန္တလေး လေဆိပ်မှ ဟုမ္မလင်းသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသားများ ပြည်သူ့ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအဖြစ် စုစုပေါင်း (၅)ဦး စောင့်ကြည့်ခံနေရကြောင်း ဟုမ္မလင်းဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းကပြောသည်။ အဆိုပါတရုတ်နိုင်ငံသားများသည် မတ်လ (၁၇) ရက်နေ့တွင် နှစ်ဦး၊ (၁၈)ရက်နေ့တွင် တစ်ဦး၊ (၁၉) ရက်နေ့တွင်နှစ်ဦး မန္တလေး လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ်သို့ မတ်လ (၂၂)ရက်နေ့၊ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် … Read More

အင်းတော်ကြီးဘုရားတွင် ဘုရားဖူးခရီးသွားများပုံမှန်ရှိနေဆဲဟုဆို

Covid-19 ရောဂါပိုးကူးစက်မှုခံရမှု မြန်မာနိုင်ငံတွင်စတင်ရှိလာသော်လည်း အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားသို့ ဘုရားဖူးခရီးသွားများပုံမှန်ရှိနေဆဲ ဟု ဘုရားဂေါပကထံမှ သိရသည်။ “ ဘုရားမှာတော့ မနေ့တုန်းက ၁၂ နာရီနောက်ပိုင်းဆိုရင် တိတ်သွားတယ်၊ ဒီနေ့ကတော့ပုံမှန်အနေအ ထားမှာရှိနေတယ်။ မနက် (၇)နာရီ (၈)နာရီအထိပေါ့လေ ။ အခုနေ့လည်တော့ပုံမှန်အထားပါပဲ” ဟု ဘုရားဂေါပက ဦးသောင်းညွှန့်ကပြောသည်။  မတ်လ ၂၃ ရက်နေ့ညသန်းခေါင်တွင် ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ … Read More

မူူးယစ်ဆေးဝါးသုံးစွဲမှုလျော့ပါးလာရေး ရည်ရွယ်ချက်ဖြင့်ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီဖလားဘောလုံးပြိုင်ပွဲစတင်ကျင်းပ

အင်းတော်ကြီးဒေသရှိ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ပါးလာစေရေး ၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီဖလား ဘောလုံးပြိုင်ပွဲကို ယနေ့အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။ ” အင်းတော်ကြီးဒေသမှာရှိတဲ့ လူငယ်တွေအချင်းချင်း တစ်ရွာနဲ့တစ်ရွာချစ်ကြည်လာဖို့ ၊ကျွန်တော်တို့ ဒေသတွင်းမှာနေတဲ့ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှုလျော့ပါးလာအောင် ” ဟု အဆိုပါကော်မတီ ဥက္ကဌ စိုင်းစိန်လွင်ဦးက ပြောကြားသည်။ ထို့ပြိုင်ပွဲ၏ တခြားရည်ရွယ်ချက်များမှာ အင်းတော်ကြီးဒေသ ကိုယ်စားပြု … Read More