ဆွမ်းပို့ဓလေ့

မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာ သာစစ်စစ်ထွန်းကားလျက်ရှိနေသေး သည်။”ထေရဝါဒ”ဟူသည်မြတ်စွာဘုရား ဟောကြားဆုံးမတော်မူသည့်သုတ်၊ဝိနည်း ၊အဘိဓမ္မာတရားများအားမူရင်းအတိုင်းမ နုတ်မတိုးတန်ဖိုးထားကာထေရ်စဉ်အ ဆက်ဆက်ထိန်းသိမ်းလိုက်နာခြင်းဟုဆို ကြသည်။ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ် သည်နှင့်အညီတိုင်းနယ်ပြည်အနှံ့ဗုဒ္ဓဘာ သာသံဃာတော်များနှင့်လူဒါယိကာ၊ဒါယ ကာမများရှိကြသည်။ထိုသံဃာတော်များ ကထိုဒါယိကာ၊ဒါယကာမများကိုမှီခိုပြီး ပစ္စည်း(၄)ပါးကိုမှီကာသာသနာပြုရ၏။ ပစ္စည်း(၄)ပါးအနက်နေ့စဉ်နေ့တိုင်းအဓိ ကျသည်မှာဆွမ်းပင်ဖြစ်သည်။ဆွမ်းပြည့် စုံမှသာကျန်သည့်သာသနာပြုခြင်းများ အားပြုလုပ်နိုင်မည်ဖြစ်သည်။ပရိယတ္တိစာ သင်တိုက်များမှအခြေတည်လျှက်လောကု တ်လောကီတိုးတက်စည်ပင်ကြောင်းများ ကိုဆွမ်းကိုယ်စီဖြင့်ထမ်းပိုးနေလျှက်ရှိတဲ့ သံဃာတော်များမြန်မာပြည်အနှံ့ရှိနေသေး သည်မှာထင်ရှားလှပါသည်။ထိုသံဃာ တော်များသည်ဘုန်းကြီးကျောင်းသား၊ထို မှရှင်ပြုကိုရင်လေးဖြစ်ကာဆရာသမားမိ ဘများတိုင်ပင်ကာစာသင်တိုက်ပို့ကြရ သည်။ယနေ့ခေတ်သည်လောကုတ္တရာ ဘောင်အတွင်းနေထိုင်ရေးထက်လောကီ ပညာရေးဘက်အထူးအားသန်နေကြ သည်မှာလည်းတစ်တိုင်းပြည်လုံးပင်ဟု အများအားဖြင့်ဆိုနိုင်သည်။ … Read More

နမ့်ဖောင်းစင် (သို့) ရှမ်းနီရှေးဟောင်းမြို့တော်

ဟေမာန်ဆောင်းဦးသစ်စတုန်း အချိန်တုန်းက ရှမ်းနီတိုင်းရင်းသားတို့ရရဲ့ဌာနေ အင်းတော်ကြီးကို ရောက်ဖြစ်ခဲ့ပါတယ်။ အင်းတော်ကြီးကန်ဟာ မြန်မာနိုင်ငံသာမက ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ကန် တစ်ခုလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၃၁၆.၆၇  စတုရန်းမိုင်ကျယ်ဝန်းလျက်ရှိပါတယ်။ ဆောင်းရံနံ့တို့သင်းပျံ့လာပြီဆိုလျှင် အင်းတော်ကြီးကန်ရေပြင်ထက်မှာ မြူနှင်းလွှာတွေလည်း ရှုပ်ပြေးလျက်ရှိနေတယ်။၊ နံနက် (၁၀) နာရီကျော်အချိန်ထိ နှင်းမကွဲနိုင်သေးပါဘူး။ ပိတ်လှောင်နေတဲ့နှင်းထုကို နေမင်းက ခွင်းနိုင်အားမရှိသေးပေ။ ပွင့်လင်းရာသီချိန်လည်းဖြစ်လာတာကြောင့် ခရီးသွားတွေကလည်း အင်းတော်ကြီးကန်ကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ လာရောက်လည်ပတ်ကြပါတယ်။ ကြည်လင်ပြီး … Read More

၀န်းသိုစော်ဘွားရုပ်တု ထားရန်နေရာရပြီ

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရုပ်တု စိုက်ထူရန် နေရာ အခက်အခဲရှိနေရာမှ ယခုအခါ ဝန်းသိုမြို့တွင် မြေနေရာ အလှူရှင်ပေါ်ပေါက်လာသဖြင့် နေရာ သတ်မှတ်နိူင်ပြီဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသော ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။  “ မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မြို့အထွက်မှာရတယ်။ ရထားကနေရော ကားလမ်းကနေရော ဘယ်နေရာကကြည့်ကြည့် မြင်ရတဲ့နေရာပေါ့။ ပန်းခြံပါလုပ်ဖို့ အစီအစဉ် ရှိပါတယ်။” ဟု … Read More

ပျောက်ကွယ်တော့မည့် ရှမ်းနီရက်ကန်းလုပ်ငန်း

အိုက်ပု တိတ်ဆိတ်နေသည့် ရှမ်းနီရွာထဲက အိမ်တစ်အိမ်တွင် ကျုတ်ချပ်ကျုတ်ချပ် အသံများဖြင့် စည်းချက်ကိုက်နေသည်။ နေအိမ်ထဲမှ ရက်ကန်းခုတ်နေသည့် အသံများပင်ဖြစ်သည်။ တစ်ယောက် ကလည်း ဗိုင်းငင်နေသည် ။ ထိုအိမ်သည် ရှမ်းနီဒေသ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှ ကတ်သာကျေး ရွာ ဖြစ်သည်။ “ဟိုးအရင်တုန်းကဒီကက်သာ ရွာဟာယက်ကန်းရက်စားတဲ့ရွာ ကြီးပေါ့။တစ်အိမ်မှာနှစ်စင်သုံးစင် ရှိကြတယ်။” ဟုထိုရက်ကန်းလုပ် ငန်းကိုဦးစီးလုပ်ကိုင်နေသူဒေါ်ထွေးကပြောကြားသည်။ မြန်မာနိုင်ငံတွင်လုပ်ငန်းအများ စုကိုပြည်သူပိုင်သိမ်းပြီးနောက် ပိုင်းတွင် ထိုရက်ကန်းလုပ်ငန်း … Read More

နွဲပျော်ခဲ့ရသော ရှမ်းနီရိုးရာ ဆီမီးမျှောပွဲတော်

အင်းတော်ကြီး ရွှေတောင် (လွိုင်ခမ်း) ပေါ်က ပြင်ကျယ်သည့် ကန်ရေပြင်ကို ငေးကြည့်နေမိသည်  ကန်ရေပြင်အဆုံးကို လှမ်းမမြင်နိုင်သလို ရေလည်ဘုရားလည်း ရေးရေးမျှသာမြင်နေရသည်။ မှုန်ပြာပြာ တောင်တန်းများလည်း ကန်ပြင်ကိုပတ်လည်ဝိုင်းထားသည်။ကူးသန်းသွားလာသူများ ဖြတ်သန်းသွားသည့်အချိန် ကလွဲပြီး ကန်ရေပြင်လည်း ငြိမ်သက်တိတ်ဆိတ်နေသည်။ ရေပျော်ငှက်များရှုပ်ပြေးပျံသန်းနေရင်း ပျော်မြူးနေကြသည်။ မည်သူမျှမဖျက်စီးသေးသည့် အလှတရားများနှင့်ပြည့် နက်နေသေးသည်။ တစ်ချိန်က စည်ကားခဲ့သည့် စည်ခမ်းမြို့တော်ကြီးကို တောင်ထိပ်မှငေးမောနေရသည့်အလား ပင်။ ညနေမှောင်ရီပျိုးချိန်တွင် ကန်ရေပြင်ထဲသို့ … Read More