ရှမ်းနီဒေသတွင်းကလည်ပတ်စရာများ

ခရီးထွက်ရခြင်းကစိန်နားကပ်ပန် ရခြင်းထက်ပိုကောင်းတယ်လို့စာရေးဆရာ မကြီးခင်နှင်းယုကပြောဆိုထားပါတယ်။ ခရီးထွက်ရခြင်းဟာလူတွေရဲ့အမြင်ဗဟု သုတတွေကတိုးတက်လာနိုင်တဲ့အကျိုး ကျေးဇူးတွေကိုရနိုင်ပါတယ်။အနောက်ဥ ရောပနိုင်ငံသားတွေဟာတစ်နှစ်တစ်ကြိမ် လောက်တော့ခရီးသွားတတ်ကြပါတယ်။ ခရီးသွားခြင်းကြောင့်လူတွေရဲ့စိတ်ကိုတ ဖန်လန်းဆန်းစေပြီးလုပ်ငန်းတွေအပေါ် တိုးတက်စေတယ်လို့ယုံကြည်ကြတယ်။ဒါ ကြောင့်လည်းခရီးသွားလုပ်ငန်းတိုးတက် အောင်ခရီးများများသွားလာနိုင်အောင်အ ဖက်ဖက်ကဖန်တီးပေးတတ်ကြပါတယ်။ မြန်မာနိုင်ငံကတော့ခရီးသွားခြင်းအလေ့ အထများကျင့်သုံးလာတာမကြာသေးပါ ဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကခရီးသွား လုပ်ငန်းမရှိသလောက်နည်းပါတယ်။ယခု နောက်ပိုင်းမှသာခရီးသွားလာမှုကိုအာရုံ စိုက်လာကြပါတယ်။ခရီးသွားလုပ်ငန်း တွေကဒေသအတွက်အကျိုးရှိတဲ့အပြင်မီး ခိုးမထွက်တဲ့စက်ရုံလို့လည်းပြောဆိုကြ တယ်။မီးခိုးမထွက်တော့သဘာဝပတ်ဝန်း ကျင်မပျက်စီးပဲသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်နေတဲ့လုပ်ငန်းတစ် ခုလို့အများလည်းနှစ်သက်ကြတယ်။ခရီး သွားလုပ်ငန်းဟာတချို့သောနိုင်ငံရဲ့အဓိ ကဝင်ငွေအဖြစ်ရှိနေတဲ့နိုင်ငံတွေလည်း ပေါများလာပါတယ်။တချို့သောနိုင်ငံများ ကရှိနေတဲ့လှပတဲ့သဘာဝပတ်ဝန်းကျင် … Read More