အင်းတော်ကြီးဘုရားဖူးယာဉ်များကို ကန့်သတ်ပေးရန် ကချင်ပြည်နယ်အစိုးရထံတောင်းဆို

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရမှုစတင်ရှိလာနေပြီဖြစ်သည့်အချိန်တွင် အင်းတော်ကြီး သို့ ဘုရားဖူးယာဉ်များလာရောက်မှုကို ကန့်သတ်ပေးရန်အတွက် အင်းတော်ကြီးဒေသခံတချို့က ကချင်ပြည်နယ် အစိုးရ ထံတောင်းဆိုခဲ့ကြသည်။ အဆိုပါတောင်းဆိုသည့်စာကို ယနေ့ မတ် ၂၇ ရက်နေ့လည်ပိုင်းက ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက်တင်ပြခဲ့သည်။ “ဒီအင်းတော်ကြီးအထင်ကရရွှေမဉ္ဇူဘုရားကိုလာလာပြီးအဲ့ဒီမှာစားမယ်သောက်မယ်သွားမယ်လာမယ်သူတို့နဲ့ကိုယ်တွယ်ထိတွေ့ဆက်ဆံတဲ့ဈေးရောင်းဈေး၀ယ်တွေဆိုင်တွေကနေပြီးမှဟိုအခုအင်းတော်ကြီးဒေသခံလူတွေကိုထပ်မံပြီးတော့ပြန့်ပွားမယ်ဆိုရင်ကျွန်တော်တို့ဒီဗိုင်းရပ်ပျံ့နှံ့မှုရဲ့အနေအထားကိုတွေးကြည့်ရုံနဲ့တင်ကျွန်တော်တို့က အရမ်းကြောက်ကြတာပေါ့” ဟု ဦးဆောင်တင်ပြသူ စန်းလင်း စိုးက ရှမ်းနီအသံကိုပြောကြားသည်။ အင်းတော်ကြီးဘုရားသို့ လာရောက်ဖူးမျှော်သူ ပျှမ်းမျှ နှစ်ရာကျော်ရှိကြောင်း … Read More

လယ်ယာမြေများတွင် တရားမဝင်ရွှေတူး ဖော်မှုများပြုလုပ်နေ

ဟုမ္မလင်းမြို့နယ် ကွန်းသောင်း အုပ်စု၊ဟဲခမ်းကျေးရွာရှိ လယ်ယာမြေများ ကြားတွင် တရားမဝင်ရွှေတူးဖော်မှုများပြု လုပ်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတူးဖော်နေသည့်ကုမ္ပဏီ များသည်မြန်မာမောင်နှင့်လင်းလက် ရောင်ကုမ္ပဏီတိို့ဖြစ်ပြီး ကွန်းတောင်းကျေး ရွာအုပ်စုနှင့်ဟဲခမ်းရွာသစ်ကျေးရွာတို့၏ လယ်ယာနယ်နိမိတ်ကြားတွင်လုပ် ကိုင် လျက်ရှိနေကြောင်း ဟဲခမ်းရွာသစ် အုပ် ချုပ်ရေးမှူး ဦးစောမောင်ကပြောကြား သည်။ “လယ်ယာကြားလို့သာပြောသာ ဘာမှမသုံးရတဲ့နေရာစိမ်းတောနေရာကြီး နွေစပါးလည်းမရ၊မိုးစပါးလည်းမရ၊ယာ လဲလုပ်လို့မရတဲ့နေရာ”ဟု ၎င်းကဆက် ပြောကြားသည်။ အဆိုပါရွှေမျှောများ သည်တောင် … Read More

ကချင်ပြည်နယ် အမည်ပြောင်းလဲ ပေးရန် မြန်မာပြည် မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘော ထားထုတ် ပြန်

တိုင်းရင်းသားများ နေထိုင်ရာဒေသအများဆုံး ကိုထည့်သွင်းသတ်မှတ်ပေးခဲ့မှုများကြောင့် ပြည်နယ်အမည်အား ပြန်လည်သတ်မှတ်ပေးရန်အတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။  ထိုအဆိုပါ သဘောထားကြေညာချက်ကို ဇန်နဝါရီလ (၉) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။ “ ငါတို့ ရှမ်းမြို့ရှမ်းရွာတွေကို ကချင်ပြည်နယ်ထဲ သွပ်သွင်းခံရတော့ ငါတို့ကလည်း အစကတည်းက မကြိုက်ဘူး၊ အစိုးရက လုပ်ထားတဲ့ဟာဆိုတော့ ၊ သူတို့ ကချင်မှာလည်း ဂျိမ်းဖောပြည်နယ် ၊ … Read More

နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် ရှမ်းနီလူမျိုးအမည်ထည့်သွင်းနိုင်ရန်မဖြစ်နိုင်သေးဟုဆို

ရှမ်းနီအမည်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားတွင် ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ ကို ပင်လည်ဘူးမြို့နယ် တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပင်လယ်ဘူးမြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။ ” ကျွန်တော်တို့ ရှမ်းနီလူမျိုးဆိုရင် မှတ်ပုံတင်ထဲမှာလဲမရှိ၊ နိုင်ငံတော်ထဲမှာလဲ အသိမှတ်မပြု ဆိုတဲ့အခါ ကျတော့ကိုယ့်အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ၊ နောက်ဖက်ဒရယ်ပြည်ထောင်စုစနစ် နဲ့သွားတဲ့အခါကျလည်း … Read More

ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ ဆရာ/မများ လုံလောက်မှုမရှိဟုဆို

ဒီဇင်ဘာ ၁၆ ၊ ပင်လည်ဘူး ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ သင်ကြားနေသည့် ဆရာ/မများ လုံလောက်မှုမရှိကြောင်း ဒီဇင်ဘာ(၁၆)ရက်နေ့ တွင်ပြုလုပ်သည့် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ပင်လည်ဘူးမြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေသင်ကြားနေသော ဆရာ/မ စုစုပေါင်း (၂၈) ဦးရှိပြီး နေ့စားလပေး ဆရာ/မ(TA) ငါးဦးသာရှိသဖြင့် ထပ်မံခန့်အပ်နိုင်ရေး … Read More

အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန (ရုံးချုပ်) နှင့်ဟုမ္မလင်းမြို့နယ် မြေစာရင်းဌာနတို့ကို တောင်သူများနှင့် အလုပ်သမားများ ဆန္ဒပြ

ဒီဇင်ဘာ ၁၃ ၊ ဟုမ္မလင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် အလုပ်သမားများပူးပေါင်းပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်) နှင့်ဟုမ္မလင်းမြို့နယ်လယ်ယာမြေ စာရင်းဦးစီးဌာနအား ဒီဇင်ဘာ (၁၃)ရက်နေ့ ဆန္ဒပြခဲ့ကြသည်။ အလုပ်သမားရုံးကိစ္စနှင့်ပတ်သက်ပြီး သေချာစစ်ဆေးမှု မရှိဘဲဆုံးဖြတ်ခြင်း၊ တောင်သူလယ်သ မားများကို ပုံစံ(၇)ထုတ်မပေးခြင်း၊ ပုံစံ(၇) အလွှဲမှားများထုတ်ပေးခြင်း၊ မြေနုကျွန်းများ ခွဲဝေမပေးခြင်းတို့ကြောင့် တောင်သူ လယ်သမားနှင့် အလုပ်သမားများ ပူးပေါင်းကာ ဒေသခံ … Read More

ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီ၏ ပထမဆုံးဗဟိုကော်မတီအစည်းအဝေးပြုလုပ်မည်

ဒီဇင်ဘာ ၁၂ ၊ မိုးညှင်း ရှမ်းနီပါတီတစ်ခုဖြစ်သည့် ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီ၏ ပထမဆုံးသောဗဟို ကော်မတီအစည်းအဝေးကိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီသည် ယခင်က ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီမှ ၂၀၁၉ ခုနှစ်တွင် ပါတီအမည်ပြောင်းလဲခဲ့သည်။  “အဖွဲ့ဝင်အသစ်တွေရွေးချယ်တာ။ ဆုံးဖြတ် ချက်အသစ်တွေ ၊ ဖွဲ့စည်းပုံအသစ်တွေကို ကျွန်တော် တို့လုပ်ဆောင်ဖို့ရှိပါတယ်။ ဗဟိုကော်မတီအသစ်၊ ဗဟို အလုပ်အမှုဆောင်အသစ်တွေနဲ့ ၂၀၂၀ ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် … Read More

ရှမ်းနီအမျိုးသားညီလာခံ ၂၀၂၀မှသာ ကျင်းပနိုင်တော့မည်ဟုဆို

            ဒုတိယအကြိမ်မြောက်ရှမ်းနီအမျိုးသားညီလာခံကို ၂၀၁၉ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်သဘောတူညီထားကြသော်လည်း ၂၀၂၀ ခုနှစ်မှသာ ကျင်းပနိုင်မည်ဟု ဦးဆောင်ပြုလုပ်မည့်သူများထံမှသိ ရသည်။             “ကျွန်တော်တို့ဒီဇင်ဘာလထဲမှာလုပ်ဖြစ်ဖို့တော့အကြောင်းမရှိတော့ဘူးပေါ့နော် ။ အဲ့အ တွက်ကိုတော့ ထပ်မံပြီးအစည်းခေါ်ဖို့တော့လုပ်နေတယ်။ အနီးစပ်ဆုံးဆိုရင်တော့ ၂၀၂၀ ထဲမှာဖြစ်သွား မယ် ထင်တယ်။” ရှမ်းနီအမျိုးသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဦးစောဝင်းထွန်းကပြောကြားသည်။             အဆိုပါ ညီလာခံဖြစ်မြောက်ရေးအတွက် စက်တင်ဘာလ ၈ ရက်နေ့မိုးညှင်းမြို့အရှေ့ကျောင်းပရိ … Read More

ကသာနှင့် ဗန်းမောက်မြို့နယ်ကို နိုင်ငံခြားသားများ သွားလာခွင့်ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ဗန်းမောက်မြို့နယ်များကို နိုင်ငံခြားသားခရီးသွားလာခွင့်ကို လုံခြုံရေးအရ ထပ်မံကန့်သတ်လိုက်သည့်နယ်မြေအဖြစ် ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ထားသည်။ ယခင် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားသည့် စာရင်းများတွင် သွားလာခွင့်ပြုနယ်မြေ၊ မြို့ပေါ်နှင့် မြို့ပြင်အတွက် ခွင့်ပြုချက်တောင်းခံရန်မလိုသည့် စာရင်းတွင် ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်များ ပါဝင်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ ဝက်ဆိုဒ်မှသိရသည်။  ထိုထုတ်ပြန်ချက်တွင် ဗန်းမောက်မြို့နယ်ရှိ အင်းပေါက် ၊ခေါင်းတုံး၊ … Read More

ICJ တွင်တရားစွဲဆိုခံရမှု သွားရောက် ဖြေရှင်းမည့် နိုင်ငံတော် တိုင်ပင် ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ကို မိုးညှင်း ပြည်သူ များထောက်ခံဆန္ဒ ထုတ်ဖော်

ကမ်ဘီယာနိုင်ငံမှ ICJ တွင် မြန်မာနိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုထားသောအမှုကို သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ကို မိုးညှင်းမြို့နယ်ရှိ ပြည်သူများက ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၇ နံနက်ပိုင်းက မိုးညှင်းမြို့တွင် ပြုလုပ်ခဲ့သည်။ ” ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တစ်သားတည်းရှိတဲ့ဆိုတဲ့အကြောင်း ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတဲ့အကြောင်း … Read More