ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဌဦးတင် ငွေလေး နှင့်တွေ့ဆုံခြင်း

မေး။ ။ပြည်ထောင်စုတိုင်းရင်းသားရေး ရာဝန်ကြီးနဲ့တွေ့ဆုံမှုတွေလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရှမ်းနီကနေတိုင်းလျှန်ဆို တာဖြစ်လာတဲ့အကြောင်းလေးပြောပြပေး ပါအုံး။ ဖြေ။ ။ ၂၀၁၆ ခုနှစ်အမျိုးသားညီလာခံ လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့လူမျိုး တွေအားလုံးလူထုတစ်ရပ်လုံးကနေပြီးမှ ရှမ်းနီ ဆိုပြီးမှလူမျိုးအမည်ကိုသတ်မှတ် ကြတယ်ပေါ့။ဒီလိုဆုံးဖြတ်ချက်နဲ့အတူ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နဲ့သွားတွေ့ဆုံတာပေါ့။သွားတွေ့ဆုံတဲ့နေ ရာမှာလဲရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးအကျိုးဆောင်အဖွဲ့ဥက္ကဌ၊ဒုဥက္ကဌ၊တွဲ ဖက်အတွင်းရေးမှူး ဦးခင်မောင်အေးသုံး ယောက်သွားပြီးမှတွေ့ဆုံကြတာပေါ့။တွေ့ဆုံတုန်းကျွန်တေဖော်တို့လူမျိုးအတွက် ကို ကျွန်တော်တို့တိုင်းရင်းသားအခွင့်အ ရေးရအောင်တင်ပြတာပေါ့။ကျွန်တော်တို့ အမျိုးသားညီလာခံကနေပြီးမှရှမ်းနီဆိုပြီး မှကျွန်တော်တို့ရှမ်းနီလူမျိုးဆိုတဲ့ဟာမှတ် ပုံတင်ရရှိတယ်ပေါ့၊တိုင်းရင်းသားလူမျိုး တွေမှတ်ပုံတင်ရသလိုကျွန်တော်တို့လည်း … Read More