နိုင်ငံတော်အတိုင်ပင်ခံခရီးစဉ်နှင့်သူမ၏ ကတိကဝတ်အပေါ် ရှမ်းနီပြည်သူတို့၏ သဘောထားအမြင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည်လွန်ခဲ့တဲ့ရက် ပိုင်းက ရှမ်းနီလူမျိုးတို့၏အခြေခံမြို့များ တွင်ပါဝင်သောဟုမ္မလင်း၊ခန္တီးနှင့်ခေတ် အဆက်ဆက်နိုင်ငံရေးခေါင်းဆောင်များ သွားလေ့မရှိသောပင်လည်ဘူးမြို့သို့သွား ရောက်ခဲ့သည်ကိုတွေ့ရသည်။ထိုသို့သွား ရောက်ခြင်းသည်လူထုတွေ့ဆုံပွဲဟုခေါင်း စဉ်တပ်သော်လည်းသူမသာမိန့်ခွန်းပြော ကြားသွားပြီးပြည်သူလူထုအချို့မေးမြန်း လိုသောမေးခွန်းများမေးမြန်းခွင့်မရခဲ့ကြ ကြောင်းကြားသိရသဖြင့်ပြည်သူလူထုအ သံနားထောင်လိုသည်ထက်ပါတီစည်းရုံး ရေးဆန်သော ခရီးစဉ်တစ်ခုအဖြစ်ပြည် သူလူထုကြားတွင်ဝေဖန်မှုအချို့ရှိနေပါ သည်။ အဘယ်ကြောင့်ဆိုသောမကြာသော လအနည်းငယ်အတွင်းမှာ၂၀၂၀ရွေး ကောက်ပွဲပြုလုပ်ကျင်းပရန်ရှိနေခြင်း ကြောင့်ဖြစ်သည်။ထိုသို့ပါတီစည်းရုံးရေး ဆန်ဆန်သူမ၏ခရီးစဉ်သည်ရှမ်းနီပြည် သူလူထုကြားသူမ၏၂၀၁၅ရွေးကောက်ပွဲ ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်နှင့်အ တော်ပင်ဆင်တူနေကြောင်းဝေဖန်ပြောဆို နေသူများလည်းရှိနေသည်။ ၂၀၁၅ခုနှစ်ကချင်ပြည်နယ်ပါတီ စည်းရုံးရေးခရီးစဉ်အတွင်းမိုးညှင်းမြို့ ဟောပြောပွဲတွင်ရှမ်းနီလူမျိုးတွေကိုလည်း … Read More