နမ့်ဖောင်းစင် (သို့) ရှမ်းနီရှေးဟောင်းမြို့တော်

ဟေမာန်ဆောင်းဦးသစ်စတုန်း အချိန်တုန်းက ရှမ်းနီတိုင်းရင်းသားတို့ရရဲ့ဌာနေ အင်းတော်ကြီးကို ရောက်ဖြစ်ခဲ့ပါတယ်။ အင်းတော်ကြီးကန်ဟာ မြန်မာနိုင်ငံသာမက ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ကန် တစ်ခုလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၃၁၆.၆၇  စတုရန်းမိုင်ကျယ်ဝန်းလျက်ရှိပါတယ်။ ဆောင်းရံနံ့တို့သင်းပျံ့လာပြီဆိုလျှင် အင်းတော်ကြီးကန်ရေပြင်ထက်မှာ မြူနှင်းလွှာတွေလည်း ရှုပ်ပြေးလျက်ရှိနေတယ်။၊ နံနက် (၁၀) နာရီကျော်အချိန်ထိ နှင်းမကွဲနိုင်သေးပါဘူး။ ပိတ်လှောင်နေတဲ့နှင်းထုကို နေမင်းက ခွင်းနိုင်အားမရှိသေးပေ။ ပွင့်လင်းရာသီချိန်လည်းဖြစ်လာတာကြောင့် ခရီးသွားတွေကလည်း အင်းတော်ကြီးကန်ကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ လာရောက်လည်ပတ်ကြပါတယ်။ ကြည်လင်ပြီး … Read More

ရှမ်းနီဒေသတွင်းကလည်ပတ်စရာများ

ခရီးထွက်ရခြင်းကစိန်နားကပ်ပန် ရခြင်းထက်ပိုကောင်းတယ်လို့စာရေးဆရာ မကြီးခင်နှင်းယုကပြောဆိုထားပါတယ်။ ခရီးထွက်ရခြင်းဟာလူတွေရဲ့အမြင်ဗဟု သုတတွေကတိုးတက်လာနိုင်တဲ့အကျိုး ကျေးဇူးတွေကိုရနိုင်ပါတယ်။အနောက်ဥ ရောပနိုင်ငံသားတွေဟာတစ်နှစ်တစ်ကြိမ် လောက်တော့ခရီးသွားတတ်ကြပါတယ်။ ခရီးသွားခြင်းကြောင့်လူတွေရဲ့စိတ်ကိုတ ဖန်လန်းဆန်းစေပြီးလုပ်ငန်းတွေအပေါ် တိုးတက်စေတယ်လို့ယုံကြည်ကြတယ်။ဒါ ကြောင့်လည်းခရီးသွားလုပ်ငန်းတိုးတက် အောင်ခရီးများများသွားလာနိုင်အောင်အ ဖက်ဖက်ကဖန်တီးပေးတတ်ကြပါတယ်။ မြန်မာနိုင်ငံကတော့ခရီးသွားခြင်းအလေ့ အထများကျင့်သုံးလာတာမကြာသေးပါ ဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကခရီးသွား လုပ်ငန်းမရှိသလောက်နည်းပါတယ်။ယခု နောက်ပိုင်းမှသာခရီးသွားလာမှုကိုအာရုံ စိုက်လာကြပါတယ်။ခရီးသွားလုပ်ငန်း တွေကဒေသအတွက်အကျိုးရှိတဲ့အပြင်မီး ခိုးမထွက်တဲ့စက်ရုံလို့လည်းပြောဆိုကြ တယ်။မီးခိုးမထွက်တော့သဘာဝပတ်ဝန်း ကျင်မပျက်စီးပဲသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်နေတဲ့လုပ်ငန်းတစ် ခုလို့အများလည်းနှစ်သက်ကြတယ်။ခရီး သွားလုပ်ငန်းဟာတချို့သောနိုင်ငံရဲ့အဓိ ကဝင်ငွေအဖြစ်ရှိနေတဲ့နိုင်ငံတွေလည်း ပေါများလာပါတယ်။တချို့သောနိုင်ငံများ ကရှိနေတဲ့လှပတဲ့သဘာဝပတ်ဝန်းကျင် … Read More

လယ်ယာမြေများတွင် တရားမဝင်ရွှေတူး ဖော်မှုများပြုလုပ်နေ

ဟုမ္မလင်းမြို့နယ် ကွန်းသောင်း အုပ်စု၊ဟဲခမ်းကျေးရွာရှိ လယ်ယာမြေများ ကြားတွင် တရားမဝင်ရွှေတူးဖော်မှုများပြု လုပ်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတူးဖော်နေသည့်ကုမ္ပဏီ များသည်မြန်မာမောင်နှင့်လင်းလက် ရောင်ကုမ္ပဏီတိို့ဖြစ်ပြီး ကွန်းတောင်းကျေး ရွာအုပ်စုနှင့်ဟဲခမ်းရွာသစ်ကျေးရွာတို့၏ လယ်ယာနယ်နိမိတ်ကြားတွင်လုပ် ကိုင် လျက်ရှိနေကြောင်း ဟဲခမ်းရွာသစ် အုပ် ချုပ်ရေးမှူး ဦးစောမောင်ကပြောကြား သည်။ “လယ်ယာကြားလို့သာပြောသာ ဘာမှမသုံးရတဲ့နေရာစိမ်းတောနေရာကြီး နွေစပါးလည်းမရ၊မိုးစပါးလည်းမရ၊ယာ လဲလုပ်လို့မရတဲ့နေရာ”ဟု ၎င်းကဆက် ပြောကြားသည်။ အဆိုပါရွှေမျှောများ သည်တောင် … Read More

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဌဦးတင် ငွေလေး နှင့်တွေ့ဆုံခြင်း

မေး။ ။ပြည်ထောင်စုတိုင်းရင်းသားရေး ရာဝန်ကြီးနဲ့တွေ့ဆုံမှုတွေလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရှမ်းနီကနေတိုင်းလျှန်ဆို တာဖြစ်လာတဲ့အကြောင်းလေးပြောပြပေး ပါအုံး။ ဖြေ။ ။ ၂၀၁၆ ခုနှစ်အမျိုးသားညီလာခံ လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့လူမျိုး တွေအားလုံးလူထုတစ်ရပ်လုံးကနေပြီးမှ ရှမ်းနီ ဆိုပြီးမှလူမျိုးအမည်ကိုသတ်မှတ် ကြတယ်ပေါ့။ဒီလိုဆုံးဖြတ်ချက်နဲ့အတူ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နဲ့သွားတွေ့ဆုံတာပေါ့။သွားတွေ့ဆုံတဲ့နေ ရာမှာလဲရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးအကျိုးဆောင်အဖွဲ့ဥက္ကဌ၊ဒုဥက္ကဌ၊တွဲ ဖက်အတွင်းရေးမှူး ဦးခင်မောင်အေးသုံး ယောက်သွားပြီးမှတွေ့ဆုံကြတာပေါ့။တွေ့ဆုံတုန်းကျွန်တေဖော်တို့လူမျိုးအတွက် ကို ကျွန်တော်တို့တိုင်းရင်းသားအခွင့်အ ရေးရအောင်တင်ပြတာပေါ့။ကျွန်တော်တို့ အမျိုးသားညီလာခံကနေပြီးမှရှမ်းနီဆိုပြီး မှကျွန်တော်တို့ရှမ်းနီလူမျိုးဆိုတဲ့ဟာမှတ် ပုံတင်ရရှိတယ်ပေါ့၊တိုင်းရင်းသားလူမျိုး တွေမှတ်ပုံတင်ရသလိုကျွန်တော်တို့လည်း … Read More

အခြေခိုင်ဖို့လိုသည်

အဆောက်အဦးများတွင် Foundation အရေးကြီးသလို မည်သည့်နေရာ မည်သည့်နယ်ပယ်တွင်မဆိုအခြေခိုင်ရန်ကိစ္စသည် ဦးစားပေးဆောင်ရွက်သင့်သည့် အရေးကိစ္စဖြစ်သည်။ အဆောက်အဦးများFoundation မခိုင်ပါက အချိန်မတိုင်မီ ပြိုလဲ ပျက်စီးတတ်ကြသကဲ့သို့ အဖွဲ့အစည်းများတွင်အခြေခံအကျဆုံးသော မူဝါဒ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများ စနစ်ကျ ခိုင်မာခြင်း စနစ်တကျ​​ဆောင်ရွက်နိူင်ခြင်း မရှိပါကလည်း အသင်းအဖွဲ့များ ရရှည်တည်တံ့ခြင်းမရှိပဲ ပြိုလဲသွားနိူင်ပါသည်။ရံဖန်ရန်ခါ အသင်းဖွဲ့များတွင် အခြေခိုင်ခံရေးကို ဦးစားမပေးပဲ ရှ့ရောက်ရေးသာ ဦးစားပေး၍အလောတကြီး ဆာင်ရွက်မိတတ်ကြသည်။ ထိုသို့ဆောင်ရွက်ကြသောကြောင့်အခက်အခဲပြဿနာများရင်ဆိုင်ကြရပြီး အသင်းအဖွဲ့များ … Read More

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဗန်းမောက်ဒေသခံများတွေ့ဆုံပွဲ လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေးဆေးပေးခန်းရရှိရေးကို အများဆုံးတင်ပြ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗန်းမောက်ဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံများ လမ်းတံတားအခက်အခဲများ နှင့် ကျန်းမာရေးဆေးပေးခန်း၊ဆေးရုံများ ရရှိရေးစသည့် မေးခွန်းများကိုမေးမြန်းခွင့်ရခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇန်နဝါရီလ (၂၂) ရက်နေ့  နေ့လည်ပိုင်းအချိန်က တွေ့ဆုံခဲ့ပြီး ဒေသခံများနှင့် (၄၅) မိနစ်ကြာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။  “ မတင်ပြရတော့ ကျွန်တော်အရမ်းကို စိတ်လည်းမကောင်းဘူးဗျ ၊ ဘာလို့လဲဆိုတော့ ကိုယ့်အမေတစ်ယောက်က ကိုယ့်သားလေးရှိတဲ့နေရာဆီကိုလာတဲ့ပုံစံမျိုးနဲ့ ကျွန်တော်လည်း အဲ့လိုထင်ထားခဲ့တယ်။ ကျွန်တော်လည်း ကိုယ့် … Read More

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံများတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ တင်ပြခွင့်မရ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ၌ ဒေသခံများမှ ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပင်လည်ဘူးမြို့နယ်ခန်းမတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။  “သူတို့ထဲမှာ စကားပြောခွင့် ရတာတောင်မှ ထိထိရောက်ရောက် အကောင်ထည်မပေါ်ခဲ့သေးတာတွေလည်း ရှိသေးတယ်လေ။ ခုက ဘာမှ စကားပြောခွင်တောင်မရဘူး “ဟု ပင်လည်ဘူး ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ … Read More

၀န်းသိုစော်ဘွားရုပ်တု ထားရန်နေရာရပြီ

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရုပ်တု စိုက်ထူရန် နေရာ အခက်အခဲရှိနေရာမှ ယခုအခါ ဝန်းသိုမြို့တွင် မြေနေရာ အလှူရှင်ပေါ်ပေါက်လာသဖြင့် နေရာ သတ်မှတ်နိူင်ပြီဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသော ဆရာတော် ဦးသူရိယက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။  “ မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မြို့အထွက်မှာရတယ်။ ရထားကနေရော ကားလမ်းကနေရော ဘယ်နေရာကကြည့်ကြည့် မြင်ရတဲ့နေရာပေါ့။ ပန်းခြံပါလုပ်ဖို့ အစီအစဉ် ရှိပါတယ်။” ဟု … Read More

ဟိုပင်မြို့နယ်ခွဲတွင်းရှိ ရှမ်းနီပါတီဆိုင်းဘုတ်များပြန်လည်စိုက်ထူခြင်းနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်

ဇန်နဝါရီ ၁၉ ၊ မိုးညှင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့နယ်ခွဲ အတွင်းရှိ တကွင်းကျေးရွာ ၊ မြိုသစ်ကလေးကျေးရွာ ၊ အင်းလေးကျေးရွာတို့၌ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဇန်နဝါရီလ (၁၉)ရက် တွင် ဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။  အဆိုပါပွဲမှ ရှမ်းနီလူမျိုးများ ရှမ်းနီလူမျိုး သတ်မှတ်နိုင်ရေး၊ နိုင်ငံသား စီစစ်ရေးကတ်ပြားများတွင် ရှမ်းနီအမည်ထည့်တွင်းနိုင်ရေး စသည့်၎င်းတို့ပါတီ၏ … Read More

ကချင်ပြည်နယ် အမည်ပြောင်းလဲ ပေးရန် မြန်မာပြည် မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘော ထားထုတ် ပြန်

တိုင်းရင်းသားများ နေထိုင်ရာဒေသအများဆုံး ကိုထည့်သွင်းသတ်မှတ်ပေးခဲ့မှုများကြောင့် ပြည်နယ်အမည်အား ပြန်လည်သတ်မှတ်ပေးရန်အတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။  ထိုအဆိုပါ သဘောထားကြေညာချက်ကို ဇန်နဝါရီလ (၉) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။ “ ငါတို့ ရှမ်းမြို့ရှမ်းရွာတွေကို ကချင်ပြည်နယ်ထဲ သွပ်သွင်းခံရတော့ ငါတို့ကလည်း အစကတည်းက မကြိုက်ဘူး၊ အစိုးရက လုပ်ထားတဲ့ဟာဆိုတော့ ၊ သူတို့ ကချင်မှာလည်း ဂျိမ်းဖောပြည်နယ် ၊ … Read More