ပျောက်ကွယ်တော့မည့် ရှမ်းနီရက်ကန်းလုပ်ငန်း

အိုက်ပု တိတ်ဆိတ်နေသည့် ရှမ်းနီရွာထဲက အိမ်တစ်အိမ်တွင် ကျုတ်ချပ်ကျုတ်ချပ် အသံများဖြင့် စည်းချက်ကိုက်နေသည်။ နေအိမ်ထဲမှ ရက်ကန်းခုတ်နေသည့် အသံများပင်ဖြစ်သည်။ တစ်ယောက် ကလည်း ဗိုင်းငင်နေသည် ။ ထိုအိမ်သည် ရှမ်းနီဒေသ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှ ကတ်သာကျေး ရွာ ဖြစ်သည်။ “ဟိုးအရင်တုန်းကဒီကက်သာ ရွာဟာယက်ကန်းရက်စားတဲ့ရွာ ကြီးပေါ့။တစ်အိမ်မှာနှစ်စင်သုံးစင် ရှိကြတယ်။” ဟုထိုရက်ကန်းလုပ် ငန်းကိုဦးစီးလုပ်ကိုင်နေသူဒေါ်ထွေးကပြောကြားသည်။ မြန်မာနိုင်ငံတွင်လုပ်ငန်းအများ စုကိုပြည်သူပိုင်သိမ်းပြီးနောက် ပိုင်းတွင် ထိုရက်ကန်းလုပ်ငန်း … Read More

နှစ်သစ်မှာ စိတ်ကူးသစ် အားအင်သစ်များဖြင့် ချီတက်စို့

ပြက္ခဒိန် နှစ်တစ်နှစ်ကူးပြောင်းခြင်းဆိုသည်မှာ သာမှန်အားဖြင့် ထူးခြားသည်ဟု ပြောမရပါ။ သို့ရာတွင် ရက်တွေ ၊ လတွေ ၊ နှစ်တွေဆိုတာ ကာလတစ်ခု၏ မှတ်တိုင် သို့မဟုတ် မိုင်တိုင်များဖြစ်ကြပါသည်။ လုပ်ငန်းတွေမှာ လချုပ် နှစ်ချုပ်တွေ လုပ်ရသလို ဘဝရေးရာ အမျိုးသားရေးရာများတွင်လည်း လချုပ် နှစ်ချုပ်လုပ်သင့်လှပေသည်။ ကုန်လွန်ခဲ့သော လတွေ နှစ်တွေထက် တိုးတက်မှှုက ဘာဖြစ်သည် ဆုတ်ယုတ်မှှုက ဘာဖြစ်သည်ဆိုတာ … Read More

နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် ရှမ်းနီလူမျိုးအမည်ထည့်သွင်းနိုင်ရန်မဖြစ်နိုင်သေးဟုဆို

ရှမ်းနီအမည်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားတွင် ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ ကို ပင်လည်ဘူးမြို့နယ် တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပင်လယ်ဘူးမြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။ ” ကျွန်တော်တို့ ရှမ်းနီလူမျိုးဆိုရင် မှတ်ပုံတင်ထဲမှာလဲမရှိ၊ နိုင်ငံတော်ထဲမှာလဲ အသိမှတ်မပြု ဆိုတဲ့အခါ ကျတော့ကိုယ့်အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ၊ နောက်ဖက်ဒရယ်ပြည်ထောင်စုစနစ် နဲ့သွားတဲ့အခါကျလည်း … Read More

ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ ဆရာ/မများ လုံလောက်မှုမရှိဟုဆို

ဒီဇင်ဘာ ၁၆ ၊ ပင်လည်ဘူး ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေ သင်ကြားနေသည့် ဆရာ/မများ လုံလောက်မှုမရှိကြောင်း ဒီဇင်ဘာ(၁၆)ရက်နေ့ တွင်ပြုလုပ်သည့် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ပင်လည်ဘူးမြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ ပင်လည်ဘူးမြို့နယ်တွင် ရှမ်းနီစာပေသင်ကြားနေသော ဆရာ/မ စုစုပေါင်း (၂၈) ဦးရှိပြီး နေ့စားလပေး ဆရာ/မ(TA) ငါးဦးသာရှိသဖြင့် ထပ်မံခန့်အပ်နိုင်ရေး … Read More

အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန (ရုံးချုပ်) နှင့်ဟုမ္မလင်းမြို့နယ် မြေစာရင်းဌာနတို့ကို တောင်သူများနှင့် အလုပ်သမားများ ဆန္ဒပြ

ဒီဇင်ဘာ ၁၃ ၊ ဟုမ္မလင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် အလုပ်သမားများပူးပေါင်းပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်) နှင့်ဟုမ္မလင်းမြို့နယ်လယ်ယာမြေ စာရင်းဦးစီးဌာနအား ဒီဇင်ဘာ (၁၃)ရက်နေ့ ဆန္ဒပြခဲ့ကြသည်။ အလုပ်သမားရုံးကိစ္စနှင့်ပတ်သက်ပြီး သေချာစစ်ဆေးမှု မရှိဘဲဆုံးဖြတ်ခြင်း၊ တောင်သူလယ်သ မားများကို ပုံစံ(၇)ထုတ်မပေးခြင်း၊ ပုံစံ(၇) အလွှဲမှားများထုတ်ပေးခြင်း၊ မြေနုကျွန်းများ ခွဲဝေမပေးခြင်းတို့ကြောင့် တောင်သူ လယ်သမားနှင့် အလုပ်သမားများ ပူးပေါင်းကာ ဒေသခံ … Read More

ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီ၏ ပထမဆုံးဗဟိုကော်မတီအစည်းအဝေးပြုလုပ်မည်

ဒီဇင်ဘာ ၁၂ ၊ မိုးညှင်း ရှမ်းနီပါတီတစ်ခုဖြစ်သည့် ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီ၏ ပထမဆုံးသောဗဟို ကော်မတီအစည်းအဝေးကိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီသည် ယခင်က ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီမှ ၂၀၁၉ ခုနှစ်တွင် ပါတီအမည်ပြောင်းလဲခဲ့သည်။  “အဖွဲ့ဝင်အသစ်တွေရွေးချယ်တာ။ ဆုံးဖြတ် ချက်အသစ်တွေ ၊ ဖွဲ့စည်းပုံအသစ်တွေကို ကျွန်တော် တို့လုပ်ဆောင်ဖို့ရှိပါတယ်။ ဗဟိုကော်မတီအသစ်၊ ဗဟို အလုပ်အမှုဆောင်အသစ်တွေနဲ့ ၂၀၂၀ ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် … Read More

ရှမ်းနီအမျိုးသားညီလာခံ ၂၀၂၀မှသာ ကျင်းပနိုင်တော့မည်ဟုဆို

            ဒုတိယအကြိမ်မြောက်ရှမ်းနီအမျိုးသားညီလာခံကို ၂၀၁၉ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်သဘောတူညီထားကြသော်လည်း ၂၀၂၀ ခုနှစ်မှသာ ကျင်းပနိုင်မည်ဟု ဦးဆောင်ပြုလုပ်မည့်သူများထံမှသိ ရသည်။             “ကျွန်တော်တို့ဒီဇင်ဘာလထဲမှာလုပ်ဖြစ်ဖို့တော့အကြောင်းမရှိတော့ဘူးပေါ့နော် ။ အဲ့အ တွက်ကိုတော့ ထပ်မံပြီးအစည်းခေါ်ဖို့တော့လုပ်နေတယ်။ အနီးစပ်ဆုံးဆိုရင်တော့ ၂၀၂၀ ထဲမှာဖြစ်သွား မယ် ထင်တယ်။” ရှမ်းနီအမျိုးသားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဦးစောဝင်းထွန်းကပြောကြားသည်။             အဆိုပါ ညီလာခံဖြစ်မြောက်ရေးအတွက် စက်တင်ဘာလ ၈ ရက်နေ့မိုးညှင်းမြို့အရှေ့ကျောင်းပရိ … Read More

ကသာနှင့် ဗန်းမောက်မြို့နယ်ကို နိုင်ငံခြားသားများ သွားလာခွင့်ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ဗန်းမောက်မြို့နယ်များကို နိုင်ငံခြားသားခရီးသွားလာခွင့်ကို လုံခြုံရေးအရ ထပ်မံကန့်သတ်လိုက်သည့်နယ်မြေအဖြစ် ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ထားသည်။ ယခင် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားသည့် စာရင်းများတွင် သွားလာခွင့်ပြုနယ်မြေ၊ မြို့ပေါ်နှင့် မြို့ပြင်အတွက် ခွင့်ပြုချက်တောင်းခံရန်မလိုသည့် စာရင်းတွင် ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်များ ပါဝင်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ ဝက်ဆိုဒ်မှသိရသည်။  ထိုထုတ်ပြန်ချက်တွင် ဗန်းမောက်မြို့နယ်ရှိ အင်းပေါက် ၊ခေါင်းတုံး၊ … Read More