ICJ တွင်တရားစွဲဆိုခံရမှု သွားရောက် ဖြေရှင်းမည့် နိုင်ငံတော် တိုင်ပင် ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ကို မိုးညှင်း ပြည်သူ များထောက်ခံဆန္ဒ ထုတ်ဖော်

ကမ်ဘီယာနိုင်ငံမှ ICJ တွင် မြန်မာနိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲဆိုထားသောအမှုကို သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ကို မိုးညှင်းမြို့နယ်ရှိ ပြည်သူများက ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၇ နံနက်ပိုင်းက မိုးညှင်းမြို့တွင် ပြုလုပ်ခဲ့သည်။ ” ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းတဲ့နေရာမှာ ကျွန်တော်တို့က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တစ်သားတည်းရှိတဲ့ဆိုတဲ့အကြောင်း ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတဲ့အကြောင်း … Read More

ရှမ်းနီနှင့် နှစ်သစ်ကူး

မင်္ဂလာပါ ရှမ်းနှစ်သစ် ၂၁၁၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပါပြီ ။တစ်နည်းအားဖြင့် ပြောလျှင် ရှမ်းမျိုးနွယ်စုများ၏ သာသနာကို ပိုင်ဆိုင်သည့် နှစ်သက္ကရာဇ် ၂၁၁၄ ခုနှစ်တိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။နှစ်သစ်မှသည် စိတ်သစ် လူသစ် ၊ အတွေးအခေါ်သစ်များဖြင့် နောင်နှစ်များစွာတိုင် ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်သည်။ ရှမ်းတိုင်းရင်းသားတို့သည် သာသနာတော် ရှမ်းတို့၏ ဌာနေကို ရောက်ရှိခဲ့ချိန်တွင် ကြီးမားသည့် အင်ပါယာတစ်ခုတည်ထောင်ခဲ့သည့် ကာလဖြစ်သည်။ကာလ အချိန်ပြောင်းလဲလာမှုများ ၊ … Read More

မိုးညှင်းမြို့နယ်တွင် အိတ်စ်အိုင်ဗီပိုး ခံစားနေရာသူ နှစ်ရာကျော်ထက် မနည်းရှိနေ

မိုးညှင်းမြို့တွင် အိတ်စ်အိုင်ဗီပိုး ခံစားနေရသူ နှစ်ရာကျော်ထက် မနည်းရှိကြောင်း အိတ်စ်အိုင်ဗီ/ အေအိုင်ဒီအက်စ် အရေးလုပ် ဆောင်နေသည့် အားမာန်သစ်ကွန်ရက်မှ ပရောဂျက်မန်နေဂျာ နန်းသင်းသင်း စိုးကပြောသည်။ “ မိုးညှင်းမြို့နယ်မှာ ဆိုရင် ခြောက် ၊ ခုနှစ် ၊ ရှစ်၊ ကိုး ၊ တစ်ဆယ် ၊ စသည်အားဖြင့် ဒီသုံးလေး ငါးတန်းကနေပြီးတော့မှလည်း အိတ်စ်အိုင်ဗီခံစားနေရတဲ့ ကလေးတွေလည်းရှိတယ်၊ … Read More

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ငွေကြေးခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ၂၁၁၄ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ငွေကြေးအခက်အခဲများ ရှိနေကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ထောမကုန်းကျေးရွာတွင်ကျင်းပြုလုပ်မည်ဖြစ်သည်။ “တိုင်းအဆင့်ကော်မတီဖွဲ့စည်းပေးတာလဲနောက်ကျတယ်၊ ကျွန်တော်တို့လည်း ဒီကိစ္စကို တစ်ခါ မှမလုပ်ဖူးတော့လေ ပြီးတော့ ဘတ်ဂျက်ရှာဖို့ အချိန်မရှိလိုက်ဘူး”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းသိန်းနိုင်ကပြောသည်။ အဆိုပါပွဲဖြစ်မြောက်နိုင်ရေးအတွက် လူအင်းအား နည်းပါးခြင်းအခက်ခဲများ ရှိခဲ့သော်လည်း အခြားမြို့နယ်များမှ စာပေယဉ်ကျေးမှုအဖွဲ့များ၊ အစိုးရဌာနဆိုင်ရာများ ဝိုင်းဝန်းကူညီမူများ ရှိနေပြီဖြစ်ကြောင်း၎င်းကဆက်ပြောသည်။ … Read More

ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမေရိကန်က ကူညီမည်ဟုဆို

ကချင်ပြည်နယ်အတွက် လယ်ယာကဏ္ဍနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တို့ ကိုကူညီသွား မည်ဖြစ်ကြောင်း အမေရိကန်သံအမတ် Scot Marciel က ရှမ်းမျိုးနွယ်စုများနှင့် တွေ့ဆုံစဉ်ပြောကြား ခဲ့သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌ ဦးစိုင်းစန်းဝေက ပြောကြားခဲ့သည်။           အမေရိကန်အနေဖြင့် မည်သို့ကူညီသွားမည်ဆိုသည့် အကြောင်းထည့် သွင်းပြောဆိုခဲ့ခြင်း မရှိ ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် … Read More

အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ပြုလုပ်သည့် စက်ချုပ်သင်တန်း ဆင်းပွဲပြုလုပ်

အင်းတော်ကြီးဒေသ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီမှ ဦးစီးပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းပွဲကို နိုဝင်ဘာလ ၁၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သင်တန်းကို အင်းတော်ကြီးမြို့တွင်ရှိသည့် ရှမ်းနီတိုင်းရင်းသားဓမ္မာရုံတွင် ကျင်းပြုလုပ်ခဲ့သည်။ “ တစ်လသင်တန်းမှာ ဆိုရင်စက်အခြေခံသင်ပေးတယ်၊ လက်အခြေခံသင်ပေးတယ်” ဟု ထိုသင်တန်းမှ သတင်းဆရာမ ဒေါ်လှလှဌေးက ပြောကြားသည်။ ထိုသင်တန်းတွင် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှ ရှမ်းနီတိုင်းရင်းသူအများဆုံးတက်ရောက်ခဲ့ကြ ကြောင်း … Read More